နှစ်သက်ရာရွေးရန်

Thursday, August 6, 2015

ရသစာစု

ဘဝမှာ​အောင်​မြင်​ဖို့ အချက်​နှစ်​ချက်​လိုတယ်​....
(၁) တချို့အရာ​တွေကို လျစ်​လျူရှု့တတ်​ရမယ်
(၂) မိမိကိုယ်​ကို ယုံကြည်​မှုရှိရမယ်​....

MR. Mark Twain

Tuesday, August 12, 2014

မနေ့က - နေ၀ိုင်ဝိုင်

မနေ့က - နေ၀ိုင်ဝိုင်

နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်မှာ မဟုတ်လား
ဘာမှလာမပြောနဲ့ ဘာမှမကြားချင်ဘူး
အဲသလိုအော်ဟစ်ထွက်ပြေးခဲ့စဉ်က ငါဟာ
ကျောက်စိုင်ကျောက်သားတွေထက်မာကျောနေဦးမယ်
ငါ့အတွက်တစ်နေရာက ဘယ်မှာရှိသလဲ
လူတွေအလယ်မှာ မလိုမုန်းထားတဲ့ ငါ့အတွက်တစ်နေရာ
ဖောက်ပြန်တတ်တဲ့ သစ္စာဟာ အချစ်အတွက်နဲ့တော့
နှစ်ခါပြန်အသက်ရှင်မှာမဟုတ်ဘူး
အဲသလိုအော်ဟစ်ထွက်ပြေးခဲ့စဉ်က ငါ့မှာ
မျက်ရည်လည်းရှိပုံမရဘူး
အသည်းနှလုံးမရှိသူကြီးပုံစံနဲ့
ကောက်ကောက်ကွေ့ကွေ့၊
ငါ့မာနအတိုင်းကောက်ကွေ့ခဲ့တယ်
လှောင်ရီခဲ့တယ်
အမှားဆိုတာ ငါကိုယ်တိုင်လည်း မသိတဲ့အမှား
အမှားဘယ်ကစခဲ့သလဲ
ခင်ဗျားတို့အားလုံးငွေစာရင်းရှင်းတမ်းတွေပဲ…
အဲသလိုအော်ဟစ်ထွက်ပြေးခဲ့စဉ်က ငါဟာ
ငယ်ရွယ်သေးတယ်
အသိတရားလည်းနုံနည်းသေးတယ်
စနစ်တကျတီထွင်ထားတဲ့ လူတွေရဲ့ ဟာသကို
ငါက ရယ်လိုအားနည်းခဲ့တယ်
ပြီးတော့…ဘာမှန်းမသိတဲ့
အက္ခရာတွေနဲ့ ထွက်ပြေးခဲ့တယ်။ ။

နေ၀ိုင်ဝိုင်
(ချယ်ရီ၊မေ၊၂၀၀၃၊စာ-၁၁)